Sunday, July 6, 2008

IT Caravan (Nyaung Shwe)



ယနေ့(၆-၇-၀၈) တွင် ရှမ်းပြည်နယ်ကွန်ပျူတာ ပညာရှင်အသင်းနှင့် ရှမ်းပြည်နယ်ကွန်ပျူတာ လုပ်ငန်းရှင်များအသင်းတို့ ပူပေါင်း၍ ညောင်ရွှေမြို့ သို့ သွားရောက်၍ Introduction To Internet အကြောင်းနှင့် တကွ ရှမ်းပြည်နယ်ကွန်ပျူတာ ပညာရှင်အသင်းနှင့် ရှမ်းပြည်နယ်ကွန်ပျူတာ လုပ်ငန်းရှင်များအသင်းတို့၏ အကြောင်းနှင့်တကွ အသင်းလုပ်ဆောင်ချက်များကို ဟောပြောခဲ့ပါသည်။
ဟောပြောပွဲသို့ စိတ်ပါဝင်စားသော လုပ်ငန်းရှင်(၂၀)ဦး နှင့်ကျောင်းသားလူငယ် (၃၅)ဦးတက်ရောက် ခဲ့ပါတယ်။


Wednesday, February 6, 2008

Web Development SIG ဆွေးနွေးပွဲကျင်းပ


မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း (ရှမ်းပြည်နယ်) မှ SIG များ ဖွဲ့စည်းပြီး အပါတ်စဉ် ဆွေးနွေးပွဲများ ကျင်းပလျက်ရှိရာ ဖေဖော်ဝါရီလ ပထမပတ်၏ Web Development SIG ဆွေးနွေးပွဲကို ယနေ့မနက် (၁၀)နာရီတွင် ပြုလုပ်ခဲ့ပါသည်။

အဆိုပါ ဆွေးနွေးပွဲကို Moderator အဖြစ် MCPA (Shan State) အတွင်းရေးမှူး ဦးအောင်ဇေယျာလွင်မှ ဦးဆောင်ခဲ့ပြီး စိတ်ပါဝင်စားသူ SIG Member များ တက်ရောက် ဆွေးနွေးခဲ့ကြ ပါသည်။




Monday, January 28, 2008

ပထမ အကြိမ် Web Development SIG ဆွေးနွေးပွဲကျင်းပ

မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း (ရှမ်းပြည်နယ်) ၏ Web Development SIG ဆွေးနွေးပွဲကို ၂၇-၁-၂၀၀၇ (တနင်္ဂနွေနေ့) နံနက် (၁၀း၀၀) နာရီတွင် အသင်းရုံးခန်းတွင် ကျင်းပခဲ့ပါသည်။ ၄င်းဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း (ရှမ်းပြည်နယ်) အတွင်းရေးမှူး ဦးအောင်ဇေယျာလွင် မှ Moderator အဖြစ် ဦးဆောင် ဆွေးနွေးခဲ့ပြီး Web Development SIG Member များ ပါဝင် ဆွေးနွေးခဲ့ကြပါသည်။




Saturday, January 26, 2008

ကြိုဆိုပါသည်....

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (ရှမ်းပြည်နယ်) ၏ Web Development Special Interest Group Blog မှ လှိုက်လှဲစွာကြိုဆိုပါသည်။ Web SIG ၏ လှုပ်ရှားမှုများနှင့် Member များ၏ post များကို ဤ Blog တွင် ဖေါ်ပြသွားမည် ဖြစ်ပါသည်။